Hepatitis Health Undertaking (အသည်းရောင် အသားဝါရောဂါ ရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးရမည့် တာဝန်)
သင်သည် အသည်းရောင် အသားဝါ ဘီပိုး သို့မဟုတ် စီပိုး ရှိ၊ မရှိ သွေးစစ်ရန် NSW Heath ကျန်းမာရေးဌာန ထံမှ အကြောင်းကြားစာ ရရှိထားပြီး ဖြစ်သည်။
ကျန်းမာရေးဗီဇာ စစ်ဆေးရာတွင် သွေးစစ်ခြင်း ပါဝင်သောကြောင့် သွေးစစ်ရမည် ဖြစ်သည်။ ၎င်းကို ကျန်းမာရေး စစ်ဆေးရမည့် တာဝန်ဟု ခေါ်ပြီး Department of Home Affairs (ပြည်ထဲရေးဌာန) ထံသို့ တင်ပြရသည်။
အသည်းရောင် အသားဝါရောဂါသည် နိုင်ငံအချို့တွင် အဖြစ်များပြီး သြစတြေးလျနိုင်ငံတွင် အဖြစ်နည်းသောကြောင့် သွေးစစ်ရန် အရေးကြီးသည်။ သင်သည် ကျန်းမာရေး ကောင်းမွန်နေလျှင်ပင် သွေးစစ်ရမည် ဖြစ်သည်။ အသည်းရောင် အသားဝါ ဘီပိုး သို့မဟုတ် စီပိုး ရှိသူ အများအပြားတွင် ရောဂါလက္ခဏာ မပြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရောဂါပိုးက အသည်းကို ပျက်စီးစေပြီး ကင်ဆာရောဂါကိုပင် ဖြစ်ပွားစေနိုင်သည်။
အသည်းရောင် အသားဝါရောဂါ ဘီပိုးနှင့် စီပိုး အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုပါ -
သွေးစစ်ခြင်းဖြင့် ဆရာဝန်က သင့်တွင် ဘီပိုး သို့မဟုတ် စီပိုး ရှိ၊ မရှိ အသိပေးနိုင်မည် ဖြစ်ပြီး လိုအပ်လျှင် အချက်အလက်များ ပေးခြင်းနှင့် ကုသမှုပေးခြင်းတို့ ပြုလုပ်နိုင်သည်။
လုပ်ဆောင်ရမည့် အချက်များ
ကျန်းမာရေးဗီဇာ စစ်ဆေးမှု ပြီးမြောက်ရန် အောက်ပါတို့ကို လုပ်ဆောင်ရမည် ဖြစ်သည် -
- ကျန်းမာရေးဌာနထံမှ အကြောင်းကြားစာ ရရှိပြီး တစ်လအတွင်း ဆရာဝန် တစ်ယောက်ယောက်နှင့် ပြသရန် ရက်ချိန်းယူပါ။
-
ထိုအကြောင်းကြားစာများကို ယူ၍ ဆရာဝန်ထံ ပြသပါ။ ဆရာဝန်က သင့်တွင် အသည်းရောင် အသားဝါ ဘီပိုး သို့မဟုတ် စီပိုး ရှိ၊ မရှိ စစ်ဆေးပေးမည် ဖြစ်ပြီး သင်သည် ကျန်းမာရေးဗီဇာ စစ်ဆေးပြီးပြီ ဖြစ်ကြောင်း Public Health (ပြည်သူ့ကျန်းမာရေးဌာန) သို့ အကြောင်းကြားပေးမည် ဖြစ်သည်။
-
သင္သင်သည် ကျန်းမာရေး စစ်ဆေးရမည့် တာဝန် ပြီးစီးကြောင်း ပြည်သူ့ကျန်းမာရေးဌာနက ပြည်ထဲရေးဌာနသို့ အကြောင်းကြားပေးမည် ဖြစ်သည်။ သင် ဘာမှ ထပ်မံလုပ်ဆောင်ရန် မလိုအပ်ပါ။
အကူအညီ ရယူနည်း
ဆရာဝန် ရှာဖွေရာတွင် အကူအညီ ရယူခြင်း
ဆရာဝန် ရှာဖွေရာတွင် အကူအညီ လိုအပ်ပါက Health Direct
Service Finder ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး အထွေထွေရောဂါကု ဆရာဝန် (GP) ကို ရှာဖွေပါ (သို့မဟုတ်) 1800 022 222 သို့ ဖုန်းခေါ်ဆိုပါ။
ဘာသာစကား အကူအညီ ရယူခြင်း
စကားပြန် လိုအပ်ပါက 131 450 သို့ ဖုန်းခေါ်ဆိုပါ (သို့မဟုတ်)
ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် သို့ ဝင်ရောက် ကြည့်ရှုပါ။
ဗီဇာဆိုင်ရာ အကူအညီ ရယူခြင်း
ဗီဇာ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းစရာများ
ရှိပါက ပြည်ထဲရေးဌာန ဝက်ဘ်ဆိုက် သို့ ဆက်သွယ်ပါ။