အရေးပေါ်မဟုတ်သည့် ကျန်းမာရေးပြဿနာများအတွက် ဆေးဝါးကုသမှု အခမဲ့ အမြန်ဆုံး ရယူရန် healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ဖုန်းခေါ်ဆိုပါ။
အရေးပေါ်ဌာနများအပေါ် ဖိအားများ လျှော့ချရာတွင် အထောက်အကူပြုရန် Urgent Care ဝန်ဆောင်မှုကို NSW ပြည်နယ်တွင် ဖော်ဆောင်လျက်ရှိသည်။
ဤဝန်ဆောင်မှုများသည် ပြည်သူများအား အရေးပေါ် မဟုတ်သည့် ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုကို အလုပ်များသော အရေးပေါ်ဌာနများတွင် စောင့်ဆိုင်းရန်မလိုဘဲ အမြန်ဆုံး ကုသပေးလျက်ရှိသည်။
ယင်းဝန်ဆောင်မှု အများစုတွင် ဆရာဝန်များနှင့် ဓာတ်မှန်၊ ရောဂါဗေဒ အပါအဝင် ရောဂါရှာဖွေရေးကိရိယာများ ရှိထားပြီးဖြစ်သောကြောင့် အခြေအနေ အမျိုးမျိုးတွင် ကုသနိုင်ပါသည်။ အရေးပေါ် အခြေအနေအဖြစ် ထည့်သွင်းစဉ်းစားလေ့မရှိသည့် ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှု နမူနာ အချို့မှာ -
သင်သည် အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် ဝန်ဆောင်မှုကို ရယူခွင့်ရှိနိုင်သည်-
Healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ မချိန်မရွေး (တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်) အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။
မှတ်ပုံတင်ထားသော သူနာပြု (RN) က သင့်ဖုန်းကို လက်ခံဖြေဆိုပြီး သင့်အခြေအနေနှင့်ပတ်သက်၍ မေးခွန်းအချို့ မေးမြန်းသွားမည် ဖြစ်သည်။
သူနာပြု၏ ဆန်းစစ်အကဲဖြတ်ချက်အပေါ် မူတည်၍ သင့်အား Urgent Care Service သို့ လွှဲပြောင်းပေးနိုင်ပါသည်။
သင့်အား Urgent Care Service သို့ လွှဲပြောင်းပါက ဝန်ဆောင်မှုကို ရယူနိုင်မည့် အသေးစိတ်အချက်အလက်များအား မှတ်ပုံတင်ထားသည့် သူနာပြုက ပေးအပ်သွားမည်ဖြစ်သည်။
သင့်အခြေအနေအပေါ် မူတည်၍ မှတ်ပုံတင်ထားသော သူနာပြုက အခြားရွေးချယ်စရာ တခုခုကို အကြံပြုနိုင်သည်။
Urgent Care ဝန်ဆောင်မှုသို့ လွှဲပြောင်းခြင်းခံရပါက သင်သည် အောက်ပါအချက်များနှင့်ကိုက်ညီလျှင် သင်၏ ကုသမှုနှင့်ပတ်သက်၍ အကုန်အကျခံစရာ မလိုပါ -
သင်သည် မည်သည့်အချက်နှင့်မျှ အကျုံးဝင် သက်ဆိုင်ခြင်းမရှိလျှင် သင့်အား အခြားဝန်ဆောင်မှုတွင် စောင့်ရှောက်မှုပေးနိုင်ပြီး ကုသမှုနှင့်ပတ်သက်၍ ကုန်ကျစရိတ်ရှိနိုင်ကြောင်း သိထားရမည် ဖြစ်သည်။
ငွေကြေးအခက်အခဲ တစုံတရာရှိပါက သင့်အခြေအနေနှင့်ကိုက်ညီမည့် အသင့်တော်ဆုံး ကုသမှုအတွက် ရွေးချယ်စရာနည်းလမ်းကို healthdirect က ပေးအပ်နိုင်ပါသည်။
Urgent Care Services သည် အောက်ပါနေရာများတွင် တည်ရှိပါသည် -
သင်သည် အဆိုပါ ဒေသများ၏ ပြင်ပတွင် ရောက်ရှိနေလျှင်ဖြစ်စေ၊ ကုသရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု healthdirect ရှိ မှတ်ပုံတင်ထားသော သူနာပြုက ဆုံးဖြတ်လျှင်ဖြစ်စေ Urgent Care ဝန်ဆောင်မှုများကို တယ်လီကျန်းမာ(telehealth)မှ တဆင့်လည်း ရယူနိုင်ပါသည်။
Urgent Care Services ကို အများပြည်သူရုံးပိတ်ရက်များ အပါအဝင် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားသည်။ ထို့ပြင် တယ်လီကျန်းမာ (telehealth)ကိုလည်း တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်ပတ်လုံး ရရှိနိုင်ပါသည်။
NSW ပြည်နယ်အစိုးရက သြစတြေးလျအစိုးရနှင့်ပူးပေါင်းပြီး ပံ့ပိုးနေ၍သာ NSW ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ပြည်သူများအား Urgent Care ဝန်ဆောင်မှုများကို ပေးအပ်နေနိုင်ခြင်းဖြစ်သည်။
NSW ပြည်နယ်အစိုးရသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ပြည်နယ်အတွင်း Urgent Care ဝန်ဆောင်မှု ၂၅ ခု ကို ဖော်ဆောင်နိုင်ရေးအတွက် နှစ်နှစ်ကျော်အတွင်း ရန်ပုံငွေ ဒေါ်လာ ၁၂၄ သန်း ချထားပေးရန် ကတိပြုထားသည်။
သြစတြေးလျအစိုးရသည် NSW ပြည်နယ်တွင် Medicare Urgent Care Clinics ဆေးခန်းများထူထောင်ရေး အတွက် ရန်ပုံငွေထောက်ပံ့ရန်လည်း ကတိပြုထားသည်။
ကျွန်ုပ်တို့တွင် အသင့်ရှိပြီးသား ဆက်သွယ်ရေး အရင်းအမြစ်များအား သင့်၏ ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေခြင်းဖြင့် Urgent Care Services ဝန်ဆောင်မှုများအကြောင်း အများပြည်သူသိရှိရေး ဆောင်ရွက်ရာတွင် ကူညီပါ။
အရင်းအမြစ်များကို ကြည့်ပါ။